လယ်ယာမြေ သိမ်းယူခြင်းခံရတဲ့ လယ်သမားများရဲ့ အခြေအနေ
အခုတပတ် ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံအတွင်း မြို့နယ် အနှံ့အပြားမှာ စစ်တပ်နဲ့ စီးပွားရေး ကုမ္မဏီတချို့က လယ်ယာမြေ သိမ်းယူတာခံခဲ့ရပြီး လယ်သမားတွေ အနေနဲ့ ထွန်ယက် စိုက်ပျိုးစရာ မြေမရှိ၊ အလုပ်အကိုင်မရှိနဲ့ စားဝတ်နေရေး အကျပ်တွေ့နေကြရတဲ့ အခြေအနေတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။
-
2012-07-28 -
-
-
လယ်ယာမြေ သိမ်းခံရသော လယ်သမားများ စုဝေး ဆန္ဒပြနေကြစဉ်။
RFA
ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးကြတဲ့ ဧည့်သည်တွေကတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အင်္ဂပူ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြဝင်းနဲ့ နယူးယောက် အခြေစိုက် Burma Today Internet daily မှ အယ်ဒီတာချုပ် ဦးမြင့်လှိုင်တို့ ဖြစ်ကြပါတယ်။
တနင်္ဂနွေစကားဝိုင်း။ |
|
အသံဖိုင်ယူရန်။ |