မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ အမေရိကန်

အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ- မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန် သွားရောက်ပြီး ဆွေးနွေးခဲ့တာတွေနဲ့ ပေါ်ထွက်လာတဲ့ ရလဒ်တွေအကြောင်း အခြေပြု ဆွေးနွေးထားကြပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က နေပြည်တော်မြို့တွင် ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓါတ်ပုံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန) US State Department

ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားသူတွေကတော့ အမေရိကန် ပြည်ထောင်စု၊ အင်ဒီယားနားတက္ကသိုလ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ သုတေသနဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်၊ အမေရိကန် ပြည်ထောင်စု ဘာကလေတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ ဆည်းပူးနေတဲ့ ဦးမင်းဇင်နဲ့ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် ‘မြန်မာ-အမေရိကန် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့’ ဥက္ကဋ္ဌ ဦးညွန့်သန်းတို့ ဖြစ်ပါတယ်။

တနင်္ဂနွေစကားဝိုင်း။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org