မြန်မာအစိုးရသစ်နဲ့ ဥရောပသမဂ္ဂ

အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ အီးယူ ဥရောပ အဖွဲ့ကြီး က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဆက်လက် ထားရှိသွားမှာ ဖြစ်ပေမယ့် အရပ်သားဝန်ကြီးတချို့ကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးသွားမယ်လို့ ကျေညာခဲ့တဲ့ကိစ္စွကို အခြေပြု ဆွေးနွေးထားကြပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာမ ဓာတ်ပုံပိုစတာကြီးကို ပြင်သစ်နိုင်ငံ စထရာစ်ဘော့ဂ်မြို့ရှိ ဥရောပပါလီမန် အဆောက်အဦးပေါ်တွင် ၂၀ဝ၇ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ချိတ်ဆွဲ ဂုဏ်ပြုထားပုံ ဖြစ်ပါသည်။ (Photo: AFP) AFP

ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားသူတွေကတော့ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဂျာမဏီအခြေစိုက် အရှင် ဦးသောပါက၊ NLD (လွတ်မြောက်နယ်မြေ) ဗြိတိန်နိုင်ငံ ဌာနခွဲ ဥက္ကဋ္ဌ ဒေါက်တာဝင်းနိုင်နဲ့ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ မြန်မာ့ စီးပွားရေး ပညာရှင် ဦးစိန်ဌေးတို့ ဖြစ်ကြပါတယ်။

တနင်္ဂနွေစကားဝိုင်း။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org