အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး

အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် သမ္မတ ဦးသိန်းစိန်ထံ လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ ဝိုင်းဝန်းပါဝင်ကြဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နှိုးဆော်ခဲ့ တာနဲ့ ပတ်သက်ပြီး ဆွေးနွေးထားကြပါတယ်။

မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ၂၀ဝ၇ခုနှစ် အောက်တိုဘာ ၂၃ရက်နေ့က တောင်းဆို ဆန္ဒပြနေသော မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP) AFP

ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားသူတွေကတော့ သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံ အရှင် ပညာဇောတ၊ ကနေဒါနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာနဲ့ အခွင့်အရေးများဆိုင်ရာအဖွဲ့က ဒေါ်မော်လီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)- ဗြိတိန်ဌာနခွဲ ဥက္ကဋ္ဌ ဦးဝင်းနိုင်နဲ့ နော်ဝေနိုင်ငံရောက် ၁၉၉ဝ ခရမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သွင် တို့ ဖြစ်ကြပါတယ်။

တနင်္ဂနွေစကားဝိုင်း။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org