တနင်္သာရီတိုင်း ရွေးကောက်ပွဲအခြေအနေအပေါ် ကော်မရှင်ရဲ့ ပြောပြချက်

တနင်္သာရီတိုင်းဒေသကြီးအတွင်း အယောင်ဆောင်မဲပေးမှု၊ အသက်မပြည့်သူတစ်ချို့မဲပေးခဲ့မှု၊ တိုင်းလွှတ်တော် မဲလက်မှတ်နဲ့ အမျိုးသားလွှတ်တော် မဲလက်မှတ် အစောင် ၄၀ ခန့် မှားယွင်း ထုတ်ပေးခဲ့မှုကြောင့် မဲပေးမှုမှားယွင်းခဲ့တဲ့ အခြေအနေတချို့ရှိခဲ့တယ်လို့ တနင်္သာရီတိုင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထိန်လင်းဦး ကပြောပါတယ်။

ထားဝယ်မြို့ပေါ်က မဲရုံမှာ အသက်မပြည့်သေးတဲ့ ကလေး နှစ်ဦးဟာ သူတို့ မိသားစုဝင်တွေကိုယ်စား ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က မဲလာပေးခဲ့စဉ် Photo: Nyan Soe Win/RFA

တနင်္သာရီတိုင်းဒေသကြီးအတွင်း အယောင်ဆောင်မဲပေးမှု၊ အသက်မပြည့်သူတစ်ချို့မဲပေးခဲ့မှု၊ တိုင်းလွှတ်တော် မဲလက်မှတ်နဲ့ အမျိုးသားလွှတ်တော် မဲလက်မှတ် အစောင် ၄၀ ခန့် မှားယွင်း ထုတ်ပေးခဲ့မှုကြောင့် မဲပေးမှုမှားယွင်းခဲ့တဲ့ အခြေအနေတချို့ရှိခဲ့တယ်လို့ တနင်္သာရီတိုင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထိန်လင်းဦး ကပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် မြို့နယ် ၆ မြို့နယ်ရဲ့ မဲရလဒ်တွေ မကြေညာနိုင်သေးဘဲ နောက်ကျနေတာတွေရှိပြီး ဒီနေ့ အပြီးသတ်ကြေညာနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org