၈၈ မျိုးဆက်ပါတီ ဧရာဝတီတိုင်း စည်းရုံးရေးကော်မတီ ဖွဲ့စည်း

၈၈ မျိုးဆက်တွေအဓိက ပါဝင်ဖွဲ့စည်းမယ့် နိုင်ငံရေး ပါတီဖြစ်မြောက်ရေးအတွက် ဗဟိုစည်းရုံးရေးကော် မတီက ပထမဆုံးအဖြစ် ဒီနေ့ ပုသိမ်မြို့မှာ ဧရာဝတီတိုင်းစည်းရုံးကော်မတီကို သွားရောက် ဖွဲ့စည်းခဲ့ပါတယ်။

၈၈ မျိုးဆက်တွေအဓိက ပါဝင်ဖွဲ့စည်းမယ့် နိုင်ငံရေးပါတီဖြစ်မြောက်ရေးအတွက် ဗဟိုစည်းရုံးရေးကော်မတီက ပထမဆုံးအဖြစ် ဒီနေ့ ပုသိမ်မြို့မှာ ဧရာဝတီတိုင်းစည်းရုံးကော်မတီကို သွားရောက်ဖွဲ့စည်းခဲ့ပါတယ်။

ခရိုင်၊ မြို့နယ်နဲ့ ကျေးရွာအဆင့်အထိ ပါတီတည်ထောင်ဖို့ရှိတာကို သိရှိအောင်ဆောင်ရွက်သွားမှာဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီးမှ အများသဘောတူညီချက်နဲ့ ပါတီနာမည်ပေးဖို့ စီစဉ်သွားမှာ ဖြစ်တယ်လို့ ဗဟိုစည်းရုံးရေးကော်မတီ ဒုတိယတာဝန်ခံ ဦးကျော်လင်း က ပြောပါတယ်။

ဒီနေ့ ဧရာဝတီတိုင်းစည်းရုံးရေးကော်မတီ ဖွဲ့စည်းတဲ့ အခမ်းအနားကို သွားရောက်ခဲ့တဲ့ ဗဟိုစည်းရုံးရေးကော်မတီ ဒုတိယတာဝန်ခံ ဦးကျော်လင်း ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

 

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org