၁၉၈၈ အရေးတော်ပုံနဲ့ ဆရာတော် ဦးပဏ္ဍဝံသ
၈ လေးလုံး အရေးတော်ပုံအတွင်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားရတဲ့ သံဃာတော်တွေထဲမှာ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နန္ဒဝန်ကျောင်းတိုက်က ၁ ပါး၊ မြို့ဦးကျောင်းက ၈ ပါး၊ ဓမ္မသုခ ကျောင်းတိုက်က ၆ ပါးနဲ့ ဗဟန်းမြို့နယ် ကာလကတ္တား ကျောင်းတိုက်က ၃ ပါး ပါဝင်တယ်လို့ ရန်ကုန်မြို့ ရွှေတောင်ကျောင်းတိုက် ဆရာတော် ဦးပဏ္ဍဝံသ ခေါ် ဦးပဉ္စင်း ဦးပြည်ကျော်က မိန့်ကြားပါတယ်။
-
2012-08-08 -
-
-
ဒါ့အပြင် ၈ လေးလုံး အရေးတော်ပုံက သူ့ကိုအသိ၊ အမြင်သစ်တွေ ရစေခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။ ဦးပဏ္ဍဝံသဟာ ၈ လေးလုံး အရေးတော်ပုံ နောက်ပိုင်းမှာ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင်ချခံခဲ့ရသလို ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာလည်း ထောင်ချခံခဲ့ရပါတယ်။
ဆရာတော် ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ၈ လေးလုံး အရေးတော်ပုံ အတွေ့အကြုံ တချို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က လျှောက်ထားမေးမြန်း တင်ပြထားတာ နားဆင်နိုင်ပါပြီ။
လျှောက်ထားမေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |