ကလေးသူငယ်လုံခြုံရေး ဘယ်လိုကာကွယ်သင့်သလဲ
သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတွေလို ရာဇဝတ်မှုကြီးတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေကနေ ထိရောက်စွာ ကလေးတွေကို ဘယ်လို ကာကွယ်ပေးနိုင်မလဲ ….။
-
နန္ဒာချမ်း
2020-11-20 -
-
-
Victoria အတွက် တရားမျှတမှုရရှိစေဖို့ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့ပေါ်မှာ ၂၀၁၉၊ ဇူလိုင် ၁၃ ရက်နေ့က လှည့်လည်ဆန္ဒပြကြစဉ်
ဓါတ်ပုံ - သီဟထွန်း/ RFA
နိုဝင်ဘာ ၂ဝ ရက် သောကြာနေ့ဟာ ကမ္ဘာ့ကလေးများနေ့ပါ။ ကမ္ဘာတဝှမ်းက ကလေးတွေ ဆင်နွှဲကြဖို့ရှိသလိုပဲ မြန်မာနိုင်ငံမှာလည်း ကလေးတွေအတွက် လုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင် ဖန်တီးနိုင်ရေး ဆောင်ပုဒ်နဲ့ ဒီနှစ် ကမ္ဘာ့ကလေးများနေ့ကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ကနေ ကလေးပန်းချီပြိုင်ပွဲတခု လုပ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတွေလို ရာဇဝတ်မှုကြီးတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေ ကတော့ မြန်မာနိုင်ငံမှာ ရှိနေဆဲပါ။ ဒီလိုအန္တရာယ်တွေကနေ ထိရောက်စွာ ကလေးတွေကို ဘယ်လို ကာကွယ်ပေးနိုင်မလဲ….. လူ့အခွင့်အရေး ကျွမ်းကျင်သူနဲ့ ဥပဒေပညာရှင်တွေကို RFA ဝိုင်းတော်သူ မနန္ဒာချမ်း က မေးမြန်းထားပါတယ်။