ရွေးကောက်ပွဲ လွတ်လပ်မျှတမှုကို ဒေါက်တာတင်မာအောင် မေးခွန်းထုတ်

ပြည်နယ်အစိုးရကို ဦးဆောင်ခွင့်ရမယ်ဆိုရင် ရခိုင်ပြည်နယ်ကို နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းမွန်ပြီး တိုက်ရိုက် ကုန်သွယ်ခွင့်ရအောင် ဆောင်ရွက်လိုကြောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်ခွင့်ရခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ် လွှတ်တော်ကို လူထုယုံကြည်မှု အားကောင်းလာအောင် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ALD ပါတီရဲ့ တောင်ကုတ်အမတ်လောင်း၊ ဒေါက်တာတင်မာအောင်က ပြောပါတယ်။

ALD ပါတီရဲ့ တောင်ကုတ်အမတ်လောင်း၊ ဒေါက်တာတင်မာအောင် ကို တွေ့ရစဉ်

ပြည်နယ်အစိုးရကို ဦးဆောင်ခွင့်ရမယ်ဆိုရင် ရခိုင်ပြည်နယ်ကို နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းမွန်ပြီး တိုက်ရိုက်ကုန်သွယ်ခွင့်ရအောင် ဆောင်ရွက်လိုကြောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်ခွင့်ရခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်လွှတ်တော်ကို လူထုယုံကြည်မှု အားကောင်းလာအောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ALD ပါတီရဲ့ တောင်ကုတ်အမတ်လောင်း၊ ဒေါက်တာတင်မာအောင်က ပြောပါတယ်။

တဆက်တည်းမှာပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြို့နယ်အများအပြားမှာ ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တာဟာ ဒီမိုကရေစီစနစ်မှာ လုပ်ခွင့်ရှိသလားဆိုတာနဲ့ ဒီလိုလုပ်ဆောင်မှုဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလားလို့ သူက မေးခွန်းထုတ်လိုက်ပါတယ်။

တောင်ကုတ်မြို့နယ်က NLD ပါတီဝင်တွေ ဖမ်းဆီးခံရမှု၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိဟောင်း ဒေါက်တာတင်မာအောင်ရဲ့ ရှုမြင်ချက်တွေကို RFA သတင်းထောက် မဝေမာထွန်းက မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org