ရဲစခန်းမှာ ဖမ်းခံထားရတဲ့ ANC ဦးနိုင်စိုး အခြေအနေ မေးမြန်းချက်


2018.03.14

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က လက်လုပ်မိုင်း ၃ လုံးပေါက်ကွဲခဲ့တာနဲ့ ဆက်နွယ်ပြီး စစ်တွေမြို့မ ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးနိုင်စိုးဟာ အသည်းရောင် အသားဝါ ဝေဒနာကို ခံစားနေရသူဖြစ်ပြီး သူ့ရဲ့ ကျန်းမာရေး အခြေအနေဟာ ဆိုးဝါးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဦးနိုင်စိုးအပါအဝင် လူ ၇ ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကစပြီး ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

ဦးနိုင်စိုးရဲ့ ညီမဖြစ်တဲ့ မချစ်အိလှိုင် ကို RFA သတင်းထောက် ကိုမင်းသိန်းအောင် က မေးမြန်းထားပါတယ်။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။