ဝရမ်းပြေး ဦးဝီရသူ ရဲစခန်းကိုလာပြီး အဖမ်းခံ

နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုခံထားရပြီး ဝရမ်းပြေးဖြစ်နေတဲ့ ဦးဝီရသူဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာ အနောက်ပိုင်းခရိုင် ရဲစခန်းကို လာပြီးအဖမ်းခံခဲ့ပါတယ်။

ဦးဝီရသူကို ၂၀၂၀၊ နိုဝင်ဘာ ၂ ရက်နေ့က ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးမှာ တွေ့ရစဉ် ဓာတ်ပုံ - အောင်သိင်္ခ/ RFA

နိုင်ငံတော် အကြည်ညိုပျက်စေမှု နဲ့ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုခံထားရပြီး ဝရမ်းပြေးဖြစ်နေတဲ့ ဦးဝီရသူဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာ အနောက်ပိုင်းခရိုင် ရဲစခန်းကို လာပြီးအဖမ်းခံခဲ့ပါတယ်။ သူဟာ လက်ရှိအစိုးရနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြင်းအထန်ဝေဖန်ခဲ့သူလည်း ဖြစ်ပါတယ်။  ပြီးခဲ့တဲ့နှစ်ကတည်းက ဝရမ်းပြေးဖြစ်နေတဲ့ ဦးဝီရသူ ရွေးကောက်ပွဲကျင်းပခါနီးမှ လာပြီးအဖမ်းခံရတာ ဘာကြောင့်ပါလဲ။

နောက်ဆုံးအခြေအနေတွေသိနိုင်ဖို့ အနောက်ပိုင်းခရိုင်ရဲစခန်းရှေ့မှာ ရောက်နေတဲ့ RFA သတင်းထောက် ကိုအောင်သိင်္ခကို ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org