ကျန်ရှိ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ရေး အရှင်ဝီရသူ တောင်းဆို

သမ္မတ ဦးသိန်းစိန်ရဲ့နောက်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်အရ မြစ်ကြီးနား အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော်တပါးဖြစ်သူ အရှင်ဝီရသူက အကျဉ်းထောင်တွေမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးအတွက် အာဏာပိုင်တွေထံ စာရေးသား တောင်းဆိုထားပါတယ် ။

လာမယ့် မတ်လ(၇)ရက် တပေါင်းလပြည့်နေ့မှာမှ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မလာဘူးဆိုရင် တောင်းဆို လှုပ်ရှားမှု အဆင့်ဆင့်ကို ပြုလုပ်သွားမယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org