ကိုပါကြီးသတ်ဖြတ်ခံရမှု တရားဥပဒေအတိုင်း ဖြစ်လာနိုင်ချေရှိသလား
တပ်မတော်က ဖမ်းဆီးချုပ်နှောင်ထားစဉ်မှာ သေ ဆုံးခဲ့တဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့အမှု ကို သေမှုသေခင်းအဖြစ် ကျိုက်မရောမြို့နယ် တရားရုံးက မနေ့က အမိန့်ချမှတ်လိုက်ပါတယ်။
-
2015-06-24 -
-
-
Your browser doesn’t support HTML5 audio
တပ်မတော်က ဖမ်းဆီးချုပ်နှောင်ထားစဉ်မှာ သေဆုံးခဲ့တဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့အမှုကို သေမှုသေခင်းအဖြစ် ကျိုက်မရောမြို့နယ်တရားရုံးက မနေ့က အမိန့်ချမှတ်လိုက်ပါတယ်။ ဒီအမှုကို အဓိကတရားလိုဖြစ်တဲ့ ကျိုက်မရောမြိုနယ် ရဲစခန်းမှူးက ထပ်မံတရားစွဲရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်နဲ့ ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။