CDM ပညာရေးဝန်ထမ်းတွေ လစာရရှိရေး CRPH အမြန်ဆုံးဆောင်ရွက်မည်
အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ပညာရေးဝန်ထမ်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ နဲ့ပတ်သက်ပြီး အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ BEGSC နဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့ ဧပြီလ ၁ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။
-
ခင်ခင်အိ(ဝါရှင်တန်ဒီစီ)
2021-04-06 -
-
-
အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ပညာရေးဝန်ထမ်းများ။
Photo: RFA
အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ပညာရေးဝန်ထမ်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ နဲ့ပတ်သက်ပြီး အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ BEGSC နဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့ ဧပြီလ ၁ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။
CDM ပညာရေးဝန်ထမ်းတွေ လစာ ရရှိရေး၊ ဝန်ထမ်းတွေရဲ့ ချေးငွေတွေ ဖြေေလျှာ့ရေးတွေ အမြန်ဆုံး ဆောင်ရွက်ပေးမယ်လို့ CRPH က ကတိပြု ပြောကြားခဲ့ကြောင်း အထွေထွေသပိတ်ကော်မတီက ဒေါ်သက်စုလှိုင်က ပြောပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိက ဒေါ်သက်စုလှိုင်ကို ဆက်သွယ်မေးမြန်းထား ပါတယ်။