ဆော့လော်မြို့နယ်က သစ်ခိုးပြီး တရုတ်ပြည်ပို့နေ
ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်အတွင်းက သစ်တန်ချိန် ၁၃ဝဝ ကျော်ကို တရုတ်ပြည်က ကားတွေနဲ့ တရားမဝင် သယ်ဆောင်သွားမှုနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့က စုံစမ်းမှုတွေလုပ်နေပါတယ်။
-
2018-05-24 -
-
-
Your browser doesn’t support HTML5 audio
ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်အတွင်းက သစ်တန်ချိန် ၁၃ဝဝ ကျော်ကို တရုတ်ပြည်က ကားတွေနဲ့ တရားမဝင် သယ်ဆောင်သွားမှုနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့က စုံစမ်းမှုတွေလုပ်နေပါတယ်။
ဒီနေ့ မြစ်ကြီးနားမြို့ အစိုးရအဖွဲ့ရုံးမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ပြည်နယ်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သံယံဇာတဝန်ကြီး ဦးH လအောင်တို့ကို ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေး က သီးခြားစီ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေးကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။