စွဲထားတဲ့အမှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနဲ့ တွေ့ခွင့်မရသေး
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအဝင်၊ စုစုပေါင်း ရာဇဝတ်ပုဒ်မ ခြောက်ခုနဲ့ တရားစွဲခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့မှာ စစ်ဆေးကြားနာခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုချိန်ထိ သူ့အမှုအတွက် ရှေ့နေတွေနဲ့ သီးသန့်တွေ့ဆုံခွင့် မရသေးဘူးလို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
- 2021-04-26
-
-
-
စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်သော ပြည်သူများက တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သော ခြံအမှတ် ၅၄၊ ကိုရီးယားသံရုံးနှင့် အမေရိကန်သံရုံးများရှိရာ လမ်းတစ်လျှောက်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၁၃ရက်နေ့က စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင် ဆန္ဒပြနေကြစဉ်
Photo: CJ
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအဝင်၊ စုစုပေါင်း ရာဇဝတ်ပုဒ်မ ခြောက်ခုနဲ့ တရားစွဲ ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့မှာ စစ်ဆေးကြားနာခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုချိန်ထိ သူ့အမှုအတွက် ရှေ့နေတွေနဲ့ သီးသန့်တွေ့ဆုံခွင့် မရသေးဘူးလို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
ဒီကနေ့ ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့အတူ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ သုံးဦးစလုံးရဲ့ အမှုတွေကို Video Conferencing စနစ်နဲ့ ကြားနာ စစ်ဆေးခဲ့ပြီး၊ အခု သုံးလနီးပါး ကြာတဲ့အထိ သူ့ရဲ့ ရှေ့နေတွေနဲ့ တွေ့ခွင့် မရတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ပြောဆိုခဲ့တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က RFA ကို ပြန်လည်ရှင်းပြ ပါတယ်။
ဒီကနေ့ အမှုအခြေအနေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်ကို RFA ဝိုင်းတော်သူ မအေးအေးမွန် က ဆက်သွယ်မေးမြန်းထားပါတယ်။
မေလ ၁၀ ရက်နေ့ကို နောက်တစ်ကြိမ်ရုံးချိန်း ထပ်မံချိန်းဆိုထားတယ်လို့လည်း ဦးခင်မောင်ဇော်က ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို စကားပြောစက်တွေ လက်ဝယ်ထားရှိလို့ ဆိုပြီး သွင်းကုန်ပို့ကုန်ပုဒ်မ၊ ဆက်သွယ်ရေးပုဒ်မတွေအပြင် သဘာဝဘေးအန္တရာယ်ပုဒ်မနဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှုအပါအဝင် စုစုပေါင်း ပုဒ်မ ခြောက်ခုနဲ့ တရားစွဲထားပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ သဘာဝဘေးအန္တရာယ် ပုဒ်မ နှစ်ခု၊ ဒေါက်တာမျိုးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) စတဲ့ပုဒ်မတွေနဲ့ အသီးသီး တရားစွဲထားတာဖြစ်ပါတယ်။