မွန်တစ်ပါတီတည်းဖြစ်ရေး မဖော်ဆောင်နိုင်ရင် ချောင်းဆုံပါတီ ဝင်တွေ နှုတ်ထွက်မည်
လာမယ့်နိုဝင်ဘာလအတွင်း မွန်တမျိုးသားလုံးကိုယ်စားပြု မွန်ပါတီပေါ်ထွန်းရေး လမ်းစဉ်ကို အတိအကျရေး ဆွဲဆောင်ရွက်ပေးနိုင်တဲ့ ဗဟိုကော်မတီ အစည်းအဝေးခေါ်ယူပေးဖို့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီက မြို့နယ်အလုပ်အမှုဆောင်အဖွဲ့နဲ့ ပါတီဝင်တွေက မနေ့က ပါတီဗဟိုထံ တောင်းဆိုလိုက် ပါတယ်။
-
2016-11-01 -
-
-
Your browser doesn’t support HTML5 audio
လာမယ့်နိုဝင်ဘာလအတွင်း မွန်တမျိုးသားလုံးကိုယ်စားပြု မွန်ပါတီပေါ်ထွန်းရေး လမ်းစဉ်ကို အတိအကျရေးဆွဲဆောင်ရွက်ပေးနိုင်တဲ့ ဗဟိုကော်မတီ အစည်းအဝေးခေါ်ယူပေးဖို့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မြို့နယ်အလုပ်အမှုဆောင်အဖွဲ့နဲ့ ပါတီဝင်တွေက မနေ့က ပါတီဗဟိုထံ တောင်းဆိုလိုက်ပါတယ်။
အဲဒီတောင်းဆိုချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်မယ်ဆိုရင် ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်မယ်လို့လည်း တောင်းဆိုချက်မှာ ပါရှိပါတယ်။
ချောင်းဆုံမြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အတွင်းရေးမှူး ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦးကို RFA သတင်းထောက် ကိုကျော်လွင်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။