ဝန်ကြီးဌာနက အင်းဝ အပ်ချုပ်ဆိုင်မိသားစုကို အမှုဖွင့်

အိမ်အကူမိန်းကလေးငယ်နှစ်ဦးကို နှိပ်စက်မှုနဲ့ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အင်းဝအပ်ချုပ် ဆိုင်ပိုင်ရှင် မိသားစုကို ကလေးသူငယ်ဥပဒေ ၆၆ (ဃ) နဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနက ကျောက်တံတားမြို့နယ် ရဲစခန်းမှာ မနေ့က ထပ်မံအမှုဖွင့်လိုက်ပါတယ်။

အိမ်အကူမိန်းကလေးငယ်နှစ်ဦးကို နှိပ်စက်မှုနဲ့ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုကို ကလေးသူငယ်ဥပဒေ ၆၆ (ဃ) နဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကျောက်တံတားမြို့နယ် ရဲစခန်းမှာ မနေ့က ထပ်မံအမှုဖွင့်လိုက်ပါတယ်။

အဲဒီမိန်းကလေးနှစ်ဦးကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆေးကုသပေးနေပြီး အသက်မွေးဝမ်းကျောင်းပညာ တတ်မြောက်တဲ့အထိ ထိန်းသိမ်းစောင့်ရှောက်ပေးသွားမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဒေါက်တာဝင်းမြတ်အေးကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org