တိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်လာမယ့် ဦးနိုင်သက်လွင် ကို မေးမြန်းချက်

အစိုးရအဖွဲ့သစ်မှာ တာဝန်ထမ်းဆောင်မယ့် ဝန်ကြီး ၁၈ ဦးထဲမှာ မွန်အမျိုးသားပါတီ ဒုတိယဥက္ကဌ ဦးနိုင်သက်လွင်လည်း ပါဝင်ပါတယ်။

အစိုးရအဖွဲ့သစ်မှာ တာဝန်ထမ်းဆောင်မယ့် ဝန်ကြီး ၁၈ ဦးထဲမှာ မွန်အမျိုးသားပါတီ ဒုတိယဥက္ကဌ ဦးနိုင်သက်လွင်လည်း ပါဝင်ပါတယ်။ အသစ်ဖွဲ့စည်းမယ့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနအတွက် တာဝန်ယူပေးဖို့ ကမ်းလှမ်းလာတာကြောင့် လက်ခံလိုက်တာဖြစ်တယ်လို့ ဦးနိုင်သက်လွင် က ပြောပါတယ်။ ဦးနိုင်သက်လွင်ဟာ အသက် ၇၆ နှစ်ရှိပြီဖြစ်ပြီး သမီးဖြစ်သူ ဒေါ်မိကွန်ချမ်းဟာ အန်အယ်လ်ဒီပါတီရဲ့ လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။

ဦးနိုင်သက်လွင်ကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

 

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org