လူငယ်ညီလာခံမှာ ဗမာတိုင်းရင်းသားတွေက အသုံးအနှုန်းကို ကန့်ကွက်
မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံရဲ့ မနေ့ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ အစီအစဉ် မှာ ပြင်ပပညာရှင်တစ်ဦးက စစ်အာဏာရှင်များရဲ့ လုပ်ရပ်တွေကို ဗမာများက ပြုလုပ်တယ်ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ပြောကြားခဲ့တာကြောင့် ညီလာခံတက်ရောက်နေတဲ့ ဗမာတိုင်းရင်းသား ကိုယ်စားလှယ်တွေက မနေ့က ကန့်ကွက်ကြောင်း ညီလာခံကို စာနဲ့တင်ပြပါတယ်။
-
2016-07-29 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံရဲ့ မနေ့ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ အစီအစဉ်မှာ ပြင်ပပညာရှင်တစ်ဦးက စစ်အာဏာရှင်များရဲ့ လုပ်ရပ်တွေကို ဗမာများက ပြုလုပ်တယ်ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ပြောကြားခဲ့တာကြောင့် ညီလာခံတက်ရောက်နေတဲ့ ဗမာတိုင်းရင်းသား ကိုယ်စားလှယ်တွေက မနေ့က ကန့်ကွက်ကြောင်း ညီလာခံကို စာနဲ့တင်ပြပါတယ်။
အဲ့ဒီကိစ္စဟာ ပညာရှင်ရဲ့ အမြင်သာဖြစ်ပြီး ညီလာခံနဲ့ မဆိုင်ဘူးလို့ ညီလာခံဖြစ်မြောက်ရေး ကော်မတီ က ပြောပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များညီလာခံ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းနှောင်းထော ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။