ကရင်ပြည်နယ်က ရေးဘေးဒုက္ခသည်များရဲ့ အခက်အခဲ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ အစိုးရကယ်ဆယ်ရေး လက်လမ်းမမီတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ တကောင်းဘိုး၊ မီးပုံး၊ ကုန်းတန်းကြီး...စတဲ့ ကျေးရွာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လူငယ်တွေ သြဂုတ်လ ၁ ရက်နေ့က ကူညီထောက်ပံ့ရေး သွားရောက် လုပ်ခဲ့ပါတယ်။ အဲဒီကျေးရွာတွေမှာ လယ်မြေတွေ ရေကြီးနစ်မြုပ်ပျက်စီးနေပြီး စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။
-
2018-08-01 -
-
-
Your browser doesn’t support HTML5 audio
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ အစိုးရကယ်ဆယ်ရေး လက်လမ်းမမီတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ တကောင်းဘိုး၊ မီးပုံး၊ ကုန်းတန်းကြီး ကျေးရွာ ၄ ရွာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လူငယ်တွေ သြဂုတ်လ ၁ ရက်နေ့က ကူညီထောက်ပံ့ရေး သွားရောက် လုပ်ခဲ့ပါတယ်။ အဲဒီကျေးရွာတွေမှာ လယ်မြေတွေ ရေကြီးနစ်မြုပ်ပျက်စီးနေပြီး စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။
အဲဒီကျေးရွာတွေကို သွားရောက်သတင်းယူခဲ့တဲ့ RFA သတင်းထောက် ကိုသီဟထွန်းကို RFA သတင်းထောက် ကိုကျော်လွင်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။