စက်သုံးဆီဈေးနှုန်းမြင့်တက်မှုအကြောင်း မေးမြန်းချက်
ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့မေလဆန်းပိုင်းကစပြီး ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ ဒေါ်လာငွေလဲလှယ်နှုန်းတွေ မြင့်တက်မူနဲ့အတူ တစ်ရိပ်ရိပ်မြင့်တက်လာနေပါတယ်။
-
2018-05-17 -
-
-
Your browser doesn’t support HTML5 audio
ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့မေလဆန်းပိုင်းကစပြီး ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ ဒေါ်လာငွေလဲလှယ်နှုန်းတွေ မြင့်တက်မူနဲ့အတူ တစ်ရိပ်ရိပ်မြင့်တက်လာနေပါတယ်။
မေလဆန်းပိုင်းက ၉၂ ဓာတ်ဆီတစ်လီတာကို ၈၁ဝ ကျပ်ကနေ ဒီကနေ့ မေလ ၁၇ ရက်နေ့ဈေးနှုန်းအရ တစ်လီတာကို ၈၄၅ ကျပ်အထိ မြင့်တက်နေသလို ၉၅ ဓာတ်ဆီ တစ်လီတာဟာလည်း မေလဆန်းက ၈၅ဝ ကျပ်ကနေ ၈၉၅ ကျပ်အထိ မြင့်တက်နေပါတယ်။
စက်သုံးဆီဈေးတွေဘာကြောင့် တက်နေရသလဲဆိုတာကို မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းက ရုံးအဖွဲ့မှူး ဗိုလ်မှူးကြီး ဝင်းနိုင်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။