လွတ်ရက်စေ့ပြီးပြန်လွတ်လာတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များ

ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက် ဒီကနေ့မှာ စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးက အကျဉ်းသား နှစ်သောင်း သုံးထောင်ကျော်ကို လွှတ်ပေးလိုက်ပါတယ်။

ရန်ကုန် အင်းစိန်ထောင်ကနေ ပြန်လွတ်လာတဲ့သူတွေထဲမှာ တပ်မတော်ကို ဝေဖန်တဲ့သံချပ် ထိုးခဲ့တာကြောင့် ထောင်ဒဏ်ခြောက်နှစ် ကျခံနေရတဲ့ ဒေါင်းတို့မျိုးဆက် ခေါင်းဆောင်တွေဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်းတို့ သုံးယောက်လည်းပါဝင်လာပါတယ်။

လွတ်ရက်စေ့လို့ ဒီနေ့မှာ ခံဝန်ချက်ထိုးပြီး ပြန်လွတ်လာတာလို့ ကိုဇေယျာလွင်က ပြောပါတယ်။ လက်ရှိ အာဏာသိမ်းစစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေနဲ့အတူ ဆက်လက်ပူးပေါင်းပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သည်ထိ တိုက်ထုတ်သွားမယ်လို့လည်း ကိုဇေယျာလွင်က ပြောပါတယ်။

ကိုဇေယျာလွင်ကို RFA ဝိုင်းတော်သား စောဖိုးခွားက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org