ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်း နဲ့ မေးမြန်းချက်
နိုင်ငံရေးပါတီတွေအနေနဲ့ ဥပဒေ၊ နည်းဥပဒေ အတိုင်း လိုက်နာဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
-
2017-11-24 -
-
-
Your browser doesn’t support HTML5 audio
နိုင်ငံရေးပါတီတွေအနေနဲ့ ဥပဒေ၊ နည်းဥပဒေအတိုင်း လိုက်နာဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ပြည်ထောင်စုတဝန်းလုံးမှာ စည်းရုံးမယ့် နိုင်ငံရေးပါတီကြီးတစ်ခုက လက်ရှိ ပါတီဝင်စာရင်း အရေအတွက် ပြန်လည်တင်ပြဖို့ တောင်းခံရာမှာ လိုက်နာခြင်းမရှိတဲ့အတွက် အခုလို ထုတ်ပြန်တာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။
ဦးလှသိန်းကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။