ရှိုင်း ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဌကို ဖမ်းဆီးတဲ့အကြောင်း မေးမြန်းချက်

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သူတွေကို ထောက်ပံ့ကူညီပေးခဲ့တဲ့ ရှိုင်း ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဌ ဦးအောင်ဇော်ဝင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၂၈ ရက်နေ့မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

၂၀၁၆ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက လွှဲပြောင်းပေးခဲ့တဲ့ အကြမ်းဖက်အဖွဲ့ဝင်နှစ်ဦးကို စစ်ဆေးပြီးရရှိခဲ့တဲ့ ထွက်ဆိုချက်တွေအရ ရှိုင်း ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဌကို ဖမ်းဝရမ်းထုတ်ထားတာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကပြောပါတယ်။

ဦးဇော်ဌေးကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org