တရုတ်ပြည်ဘက် သစ်မှောင်ခိုသယ်ယူမှုအကြောင်း မေးမြန်းချက်

ကချင်ပြည်နယ် မန်စီမြို့နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တို့အကြား ထိစပ်နေတဲ့ ဒေသတွေကတဆင့် အရင်နှစ်တွေက တရားမဝင်သစ်မျိုးစုံကို တရုတ်နိုင်ငံဘက် မှောင်ခိုသယ်ယူတာတွေရှိပေမယ့် ဒီနှစ်ပွင့်လင်းရာသီမှာ အခုအချိန်အထိ မှောင်ခိုသမားတွေလှုပ်ရှားတာ မတွေ့ရသေးဘူးလို့ မန်စီမြို့နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းအေးမင်း က ပြောပါတယ်။

ကချင်ပြည်နယ် မန်စီမြို့နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တို့အကြား ထိစပ်နေတဲ့ ဒေသတွေကတဆင့် အရင်နှစ်တွေက တရားမဝင်သစ်မျိုးစုံကို တရုတ်နိုင်ငံဘက် မှောင်ခိုသယ်ယူတာတွေရှိပေမယ့် ဒီနှစ်ပွင့်လင်းရာသီမှာ အခုအချိန်အထိ မှောင်ခိုသမားတွေလှုပ်ရှားတာ မတွေ့ရသေးဘူးလို့ မန်စီမြို့နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းအေးမင်း က ပြောပါတယ်။ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ခြေရှိတယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေတာကြောင့် လတ်တလောမှာ မှောင်ခိုလှုပ်ရှားမှုတွေ ရပ်ဆိုင်းနေတာဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။

အဲဒီဒေသဘက်က ပြည်သူတွေရဲ့ စားဝတ်နေရေး အပါအဝင် ငြိမ်းချမ်းရေး စတာတွေနဲ့ ပတ်သက်ပြီး SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ မန်စီမြို့နယ် အမှတ် ၂ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းအေးမင်း ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဒီကနေ့ မေးမြန်းထားပါတယ်။

 

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org