မုန်တိုင်းနောက်ဆုံးအခြေအနေ ဆက်သွယ်မေးမြန်းချက်

မုန်တိုင်းက အားပျော့လာနေပြီဆိုပေမဲ့ ကုန်းတွင်းပိုင်း ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းဘက် ဆက်ရွေ့နေမှာမို့ ပြည်သူလူထုအနေနဲ့ သတိရှိရှိ ဆက်နေကြဖို့လည်း ဦးလှထွန်းက ဆိုပါတယ်။

၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ် စစ်တွေမြို့အဝင်တစ်နေရာ။ Citizen Journalist

မုန်တိုင်းဗဟိုချက်မ ရခိုင်ပြည်နယ် စစ်တွေနဲ့ ရသေ့တောင်ကြားကို ဒီနေ့နေ့လယ် သုံးနာရီလောက်မှာ မုန်တိုင်းဖြတ်ကျော် ဝင်ရောက်သွားပြီမို့ အရင်ကလောက်မဆိုးတော့ဘဲ ကုန်းတွင်းပိုင်း အားပျော့တဲ့မုန်တိုင်း ဖြစ်လာနေပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးမှူး ဦးလှထွန်းက ဒီကနေ့ညနေ ၅ နာရီမှာ RFA ကိုပြောပါတယ်။

အားပျော့လာနေပြီဆိုပေမဲ့ ကုန်းတွင်းပိုင်း ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းဘက် ဆက်ရွေ့နေမှာမို့ ပြည်သူလူထုအနေနဲ့ သတိရှိရှိ ဆက်နေကြဖို့လည်း သူကမှာပါတယ်။ ဦးလှထွန်းကို စောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org