တော်လှန်ရေးအောင်မြင်ဖို့ စစ်သတင်းထောက်လှမ်းရေး ဗျူဟာ ကျင့်သုံးသင့်
အာဏာရှင်ဆန့်ကျင်တော်လှန်ရေး အင်အားစုတွေဟာ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့နေရာမှာ လက်နက်နဲ့ ဘဏ္ဍာငွေ မလုံလောက်မှုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့် Intelligent Operation လို့ခေါ်တဲ့ စစ်သတင်းထောက်လှမ်းရေးဗျူဟာကို ဦးစားပေးကျင့်သုံးနိုင်မယ်ဆိုရင် စစ်ကောင်စီတပ်တွေအပေါ် အောင်မြင်မှုရနိုင်တယ်လို့ မြန်မာ့အရေးနဲ့ စစ်ရေးကျွမ်းကျင်သူ ဒေါက်တာ မီမီဝင်းဘတ်က သုံးသပ်ပါတယ်။
-
ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2023-01-27 -
-
-
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
NUG
မြန်မာနိုင်ငံမှာ အာဏာရှင် ဆန့်ကျင်တော်လှန်ရေး အင်အားစုတွေဟာ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့နေရာမှာ လက်နက်နဲ့ ဘဏ္ဍာငွေ မလုံလောက်မှုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့် Intelligent Operation လို့ခေါ်တဲ့ စစ်သတင်းထောက်လှမ်းရေးဗျူဟာကို ဦးစားပေးကျင့်သုံးနိုင်မယ်ဆိုရင် စစ်ကောင်စီတပ်တွေအပေါ် အောင်မြင်မှုရနိုင်တယ်လို့ မြန်မာ့အရေးနဲ့ စစ်ရေးကျွမ်းကျင်သူ ဒေါက်တာ မီမီဝင်းဘတ်က သုံးသပ်ပါတယ်။
အမေရိကန်စစ်တပ်မှာ ဒုဗိုလ်မှူးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ လက်ရှိ ဟာဝါယီ ပြည်နယ်၊ အာရှပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာနမှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာမီမီဝင်းဘတ်ကို RFA အဖွဲ့သား ကိုရဲခေါင်မြင့်မောင် မေးမြန်းတင်ပြထားပါတယ်။