တိုင်းရင်းသားအခွင့်အရေး ဦးစားပေးလုပ်ဆောင်မယ်လို့ KysDP အနိုင်ရကိုယ်စားလှယ် ပြောကြား
ကားလမ်းဖောက်ပေးမယ်၊ လျှပ်စစ်မီးရအောင် လုပ်ပေးမယ်ဆိုတာထက် တိုင်းရင်းသားတွေမှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို လွှတ်တော်တွင်းကနေ တောင်းဆိုပေးသွားမယ်လို့ ကယားပြည်နယ် ဖရူဆိုမြို့နယ်ကနေ အနိုင်ရခဲ့တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KysDP ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း စောအားဒိုက ပြောပါတယ်။
-
စိုးစိုးထက်
2020-11-17 -
-
-
ဖရူဆိုမြို့နယ်က အနိုင်ရခဲ့တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KysDP အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း စောအားဒို။
Photo: KysDP Facebook
ကားလမ်းဖောက်ပေးမယ်၊ လျှပ်စစ်မီးရအောင်လုပ်ပေးမယ်ဆိုတာထက် တိုင်းရင်းသားတွေမှာ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို လွှတ်တော်တွင်းကနေ တောင်းဆိုပေးသွားမယ်လို့ ကယားပြည်နယ် ဖရူဆိုမြို့နယ်ကနေ အနိုင်ရခဲ့တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KysDP ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း စောအားဒိုက ပြောပါတယ်။
လွှတ်တော်တွင်းမှာ ဘဝတူတိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းသွားမယ်လို့လည်းဆိုပါတယ်။ စောအားဒိုကို RFA သတင်းထောက် မစိုးစိုးထက် တွေ့ဆုံမေးမြန်းထားပါတယ်။