ဦးအောင်နိုင်စိုး ကို ဆက်သွယ်မေးမြန်းချက်

နေပြည်တော်က လွှတ်တော်အဆောက်အဦးကို မောင်းသူမဲ့ လေယာဉ်ငယ် (ဒရုန်း)နဲ့ ရိုက်ကူးဖို့ ကြိုးစားတဲ့အတွက် ၁၉၃၄ ခုနှစ် လေယာဉ်ပျံသန်းမှု ဥပဒေ အရ ထောင်ဒဏ် ၂ လ ချမှတ်ခံလိုက်ရတဲ့ တူရကီအခြေစိုက် TRT သတင်းဌာနက သတင်းထောက် ၂ ဦးနဲ့ မြန်မာနိုင်ငံသား စကားပြန်၊ ယာဉ်မောင်းတို့ ၄ ဦးဟာ ဒီကနေ့ ပြန်လည် လွတ်မြောက်လာပြီဖြစ်ပါတယ်။

နေပြည်တော်က လွှတ်တော်အဆောက်အဦးကို မောင်းသူမဲ့ လေယာဉ်ငယ် (ဒရုန်း)နဲ့ ရိုက်ကူးဖို့ ကြိုးစားတဲ့အတွက် ၁၉၃၄ ခုနှစ် လေယာဉ်ပျံသန်းမှု ဥပဒေ အရ ထောင်ဒဏ် ၂ လ ချမှတ်ခံလိုက်ရတဲ့ တူရကီအခြေစိုက် TRT သတင်းဌာနက သတင်းထောက် ၂ ဦးနဲ့ မြန်မာနိုင်ငံသား စကားပြန်၊ ယာဉ်မောင်းတို့ ၄ ဦးဟာ ဒီကနေ့ ပြန်လည် လွတ်မြောက်လာပြီဖြစ်ပါတယ်။ သူတို့ကို သွင်းကုန် ပို့ကုန်ဥပဒေ၊ လဝက ဥပဒေတွေနဲ့ တရားစွဲဆိုထားတာကို  တရားလိုဘက်က ပြန်လည် ရုပ်သိမ်းပြီး အမှုကို ပလပ်လိုက်တဲ့အတွက် ဒီကနေ့ ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

လွတ်မြောက်လာသူတွေထဲက မြန်မာနိုင်ငံသား စကားပြန် ဦးအောင်နိုင်စိုး ကို RFA သတင်းထောက် ကိုအောင်သိင်္ခက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org