မြန်မာ့အရေး အာဆီယံဆုံးဖြတ်ချက် အနောက်နိုင်ငံတွေ စောင့်ဆိုင်းနေ
မြန်မာ့အရေးဆွေးနွေးမယ့် ဒီအာဆီယံ အရေးပေါ် အစည်းအဝေးက ထွက်လာမယ့် အဖြေကို ဒီမိုကရေစီထွန်းကားတဲ့ အနောက်နိုင်ငံတွေက စောင့်ဆိုင်းနေကြတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက RFA ကို ဒီနေ့ည ၁၀ နာရီက ပြောပါတယ်။
-
စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2021-04-23 -
-
-
၂ဝ၁၉ ခုနှစ်က အာဆီယံအစည်းအဝေး တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။
Photo: RFA
မြန်မာ့အရေးဆွေးနွေးမယ့် ဒီအာဆီယံ အရေးပေါ် အစည်းအဝေးက ထွက်လာမယ့် အဖြေကို ဒီမိုကရေစီထွန်းကားတဲ့ အနောက်နိုင်ငံတွေက စောင့်ဆိုင်းနေကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက RFA ကို ဒီနေ့ည ၁၀ နာရီကပြောပါတယ်။
မနက်ဖြန် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ စတင်ကျင်းပမယ့် ဒီအာဆီယံအစည်းအဝေးကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ဖို့ရှိတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။
အာဆီယံအစည်းအဝေး တက်ရောက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဖိတ်ကြားထားခြင်းမရှိဘူးလို့ ဒေါက်တာဆာဆာကပြောပါတယ်။
RFA ဝိုင်းတော်သားစောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။