အရေးတော်ပုံ ဆက်လက်ဆင်နွှဲမယ်လို့ ဒေါက်တာတေဇာဆန်း ပြော

ဆန္ဒပြခေါင်းဆောင်တွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးတာတွေရှိနေလဲ သပိတ်တွေ ပြိုလဲသွားမှာမဟုတ်ဘဲ စစ်အာဏာရှင် ဆန့်ကျင်ရေးကို လူထုအရေးတော်ပုံအနေနဲ့ ဆက်လက်ဆင်နွှဲမှာ ဖြစ်တယ်လို့ မန္တလေး သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းက ပြောလိုက်ပါတယ်။

မန္တလေး သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်း။ Photo: RFA

ဆန္ဒပြခေါင်းဆောင်တွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးတာတွေရှိနေလဲ သပိတ်တွေ ပြိုလဲသွားမှာမဟုတ်ဘဲ စစ်အာဏာရှင်ဆန့်ကျင်ရေးကို လူထုအရေးတော်ပုံအနေနဲ့ ဆက်လက်ဆင်နွှဲမှာဖြစ်တယ်လို့ မန္တလေးသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းက ပြောလိုက်ပါတယ်။ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဒီကနေ့ နေ့လည်က ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းစဉ်မှာ ပြောဆိုခဲ့တာပါ။

ဒေါက်တာတေဇာဆန်းကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org