စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအပေါ် KIO ပြန်ကြားရေးတာဝန်ခံနဲ့ မေးမြန်းချက်

စစ်ကောင်စီက ပြည်သူတွေကို ဦးတည်တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်းနဲ့ ဒီလိုလုပ်ဆောင်မှုကြောင့် နှစ်ဖက်အဖွဲ့အစည်းအကြား အမုန်းတရား ပိုတိုးပွားလာနိုင်တယ်လို့ KIO ရဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ။ Photo: RFA

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်မဟာ(၉) အနန့်ပါမှာ KIO တည်ထောင်တဲ့ ၆၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၂၃ ရက်နေ့ညက ဂီတဖျော်ဖြေပွဲလုပ်နေချိန် စစ်ကောင်စီဘက်က လေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသူတွေထဲမှာ အရပ်သားတွေအပြင် ကေအိုင်အေက စစ်ဘက်အရပ်ဘက်ဝန်ထမ်းတွေလည်းပါဝင်ပြီး စစ်ကောင်စီက ပြည်သူတွေကို ဦးတည်တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်းနဲ့ ဒီလိုလုပ်ဆောင်မှုကြောင့် နှစ်ဖက်အဖွဲ့အစည်းကြား အမုန်းတရားပိုတိုးပွားလာနိုင်တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဗိုလ်မှူးကြီးနော်ဘူကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org