သမ္မတနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဥပဒေလမ်းကြောင်းအရ အရေးမယူနိုင်

၂ဝ၂ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အတိုက်အခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီတချို့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဥပဒေ လမ်းကြောင်းအရ တရားစွဲဆိုတာဟာ အောင်မြင်နိုင်မယ့် အလားအလာ မရှိဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောလိုက်ပါတယ်။

၂ဝ၂ဝ ရွေးကောက်ပွဲအတွက် နေပြည်တော်တွင် ကြိုတင်မဲထည့်နေသော နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို အောက်တိုဘာ ၂၉ ရက်နေ့က တွေ့ရစဉ်။ Photo: AFP

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အတိုက်အခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီတချို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဥပဒေလမ်းကြောင်းအရ တရားစွဲဆိုတာဟာ အောင်မြင်နိုင်မယ့် အလားအလာမရှိဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို တရားစွဲဆိုဖို့ ပြင်ဆင်တာကလည်း ဖြစ်နိုင်တဲ့အခြေအနေ မရှိဘူးလို့ ဆိုပါတယ်။

သမ္မတဦးဝင်းမြင့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းတို့ကို တရားစွဲဖို့ ပြင်ဆင်နေတာတွေနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေ အလားအလာကို ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကို RFA ဝိုင်းတော်သားစောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org