ဖမ်းဆီးခံထားရစဉ် သေဆုံးသွားတဲ့ ကိုရာဇာအောင်

ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က မန္တလေး ရတနာပုံ သင်္ဘောကျင်းအနီးမှာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲပြီးနောက် ဖမ်းဆီးသွားသူတွေက ကိုရာဇာအောင်ဟာ ဖမ်းဆီးခံထားရစဉ်အတွင်းမှာ သေဆုံးသွားပါတယ်။

ဖမ်းဆီးခံထားရစဉ် အတွင်းမှာ သေဆုံးသွားတဲ့ ကိုရာဇာအောင်ရဲ့ နေအိမ်။ Photo: Citizen Journalist

ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က မန္တလေး ရတနာပုံ သင်္ဘောကျင်းအနီးမှာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲပြီးနောက် ဖမ်းဆီးသွားသူတွေက ကိုရာဇာအောင်ဟာ ဖမ်းဆီးခံထားရစဉ် အတွင်းမှာ သေဆုံးသွားပါတယ်။

ဖမ်းဆီးခံရချိန်ကတည်းက မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး၊ ဒီကနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာတော့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်က စစ်ဆေးရုံက အကြောင်းကြားချိန်မှာ ကိုရာဇာအောင်ဟာ သေလုနီးပါး နောက်ဆုံးအချိန်ရောက်နေတာကို မိသားစုက တွေ့ခဲ့ရပါတယ်။

ကိုရာဇာအောင်ရဲ့ ရုပ်အလောင်းကို မိသားစုက ပြန်ရဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ဆေးရုံတာဝန်ရှိသူတွေက… သေဆုံးသူဟာ ကိုဗစ်ရောဂါနဲ့ သေဆုံးသွားတာဆိုပြီး အလောင်းကို သယ်ခွင့်မပေးဘဲ နေ့တွင်းချင်း မီးသင်္ဂြိုဟ်လိုက်တယ်လို့ မိသားစုက ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ် ကိုရာဇာအောင်မှာ ဇနီးမဖြူဖြူဝင်းနဲ့ သမီးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။ မဖြူဖြူဝင်းကို RFA ဝိုင်းတော်သား စောဖိုးခွားက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org