နိုင်ငံရေးအမှုလိုက်ရှေ့နေတွေ ထောင်ချခံနေရမှုအပေါ် ရှေ့နေဦးကြီးမြင့်နှင့် ဆက်သွယ်မေးမြန်းချက်

နိုင်ငံရေးအမှုတွေကို ဥပဒေရေးရာအကျိုးဆောင်ခွင့် မပေးရဲအောင် စစ်ကောင်စီက ရှေ့နေတွေကို ထောင်ချနေသလို ရှေ့နေတွေဟာ အမှုသည်တွေကို အိမ်နဲ့အဆက်အသွယ်ရအောင်လုပ်ပေးနိုင်တဲ့ အခြေအနေသာအမြင့်ဆုံးရှိနေပြီး တရားမျှတမှုရအောင် စွမ်းဆောင်ခွင့်မရှိတော့ဘူးလို့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

ရှေ့နေဦးကြီးမြင့်နှင့် RFA ဆက်သွယ်မေးမြန်းစဥ်။ RFA

နိုင်ငံရေးအမှုတွေကို ဥပဒေရေးရာအကျိုးဆောင်ခွင့် မပေးရဲအောင် စစ်ကောင်စီက ရှေ့နေတွေကို ထောင်ချနေသလို အာဏာသိမ်း စစ်ကောင်စီ လက်အောက်မှာ ရှေ့နေတွေဟာ အမှုသည်တွေကို အိမ်နဲ့အဆက်အသွယ်ရအောင်လုပ်ပေးနိုင်တဲ့ အခြေအနေသာအမြင့်ဆုံးရှိနေပြီး တရားမျှတမှုရအောင် စွမ်းဆောင်ခွင့် မရှိတော့ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ အမှုလိုက်ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက မန္တလေးအိုးဘိုထောင်တွင်း အထူးတရားရုံးကနေ ဒီဇင်ဘာ ၂၈ ရက်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တဲ့ အခြေအနေအပါအဝင် မြန်မာပြည် တရားစီရင်ရေးအပေါ် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ရဲ့ သုံးသပ်ချက်တွေကို RFA နှင့် စကားပြောခြင်း အစီအစဉ်က တင်ဆက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org