မန္တလေးဆန္ဒပြသူတွေ အင်အားသုံး ဖြိုခွင်းခံရ

မန္တလေးမြို့က မြန်မာ့စီးပွားရေးဗဟိုဘဏ် ၁ နဲ့ ၂ ရှေ့မှာ ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က အင်အားသုံးပြီး ပစ်ခတ် ရိုက်နှက်ဖြိုခွင်းမှုတွေ လုပ်ခဲ့ပါတယ်။

မန္တလေးမြို့က မြန်မာ့စီးပွားရေးဗဟိုဘဏ် ၁ နဲ့ ၂ ရှေ့မှာ ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က အင်အားသုံးပြီး ပစ်ခတ် ရိုက်နှက်ဖြိုခွင်းစဥ်။ Photo: Citizen Journalist

မန္တလေးမြို့က မြန်မာ့စီးပွားရေးဗဟိုဘဏ် ၁ နဲ့ ၂ ရှေ့မှာ ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က အင်အားသုံးပြီး ပစ်ခတ် ရိုက်နှက်ဖြိုခွင်းမှုတွေ လုပ်ခဲ့ပါတယ်။

မန္တလေး ၂၆ ဘီလမ်းနဲ့ ၈၁-၈၂ လမ်းကြား မြန်မာ့စီးပွားရေး ဗဟိုဘဏ် ၁ ရှေ့မှာနဲ့ ၂၆-၂၇ လမ်းနဲ့ ၈၂ ကြား မြန်မာ့စီးပွားရေးဗဟိုဘဏ် ၂ ရှေ့မှာ ဒီကနေ့ ကြွေးကြော် ဆန္ဒပြခဲ့ကြတာပါ။

အဓိကကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ဘဏ်ဝန်ထမ်းတွေ ပူးပေါင်းပါဝင်ကြဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အာဏာပိုင်တွေရဲ့ အင်အားသုံး အကြမ်းဖက်နှိမ်နင်းမှုအတွင်း ထိခိုက်ဒဏ်ရာရသူနဲ့ ဖမ်းဆီးခံရသူတွေ အနည်းဆုံး ၁၅ ဦး ရှိတယ်လို့ ကြားသိရပေမဲ့ အရေအတွက်ကို အတိအကျ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဒီဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုအောင်ကိုထွန်း ကို RFA ဝိုင်းတော်သူ မနန္ဒာချမ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org