ကျောက်မျက်ဥပဒေ ပုဒ်မ နှစ်ခု ပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆို
ပြည်ထောင်စုလွှတ်တော်မှာ ဇန်နဝါရီ ၂၉ ရက်နေ့ က ဒုတိယအကြိမ်ပြင်ဆင်ပြဋ္ဌာန်းခဲ့ တဲ့ မြန်မာ့ ကျောက်မျက် ရတနာဥပဒေကို ပြန် လည်ပြင်ဆင်ပေးဖို့ ဖားကန့်မြို့ မှော်ဝမ်း ရပ်ကွက် က ကျောက်တိုင်ကွင်းမှာ တနိုင်တပိုင် ရေ မဆေးကျောက် ရှာဖွေသူတွေနဲ့ ကျောက်စိမ်းလုပ် ကိုင်သူတွေက ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
-
2016-10-20 -
-
-
Your browser doesn’t support HTML5 audio
ပြည်ထောင်စုလွှတ်တော်မှာ ဇန်နဝါရီ ၂၉ ရက်နေ့က ဒုတိယအကြိမ်ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ မြန်မာ့ ကျောက်မျက် ရတနာဥပဒေကို ပြန်လည်ပြင်ဆင်ပေးဖို့ ဖားကန့်မြို့ မှော်ဝမ်း ရပ်ကွက်က ကျောက်တိုင်ကွင်းမှာ တနိုင်တပိုင် ရေမဆေးကျောက် ရှာဖွေသူတွေနဲ့ ကျောက်စိမ်းလုပ်ကိုင်သူတွေက ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
အဲဒီဥပဒေ ပုဒ်မတွေထဲက အခြေခံပြည်သူတွေအတွက် အကျိုးမရှိတဲ့ ပုဒ်မ ၄၁ နဲ့ ပုဒ်မ ၄၂ တို့ကို မဖြစ်မနေပြင်ဆင်ပေးဖို့ အပါအဝင် အချက် ၆ ချက်ကို ဒီကနေ့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ ဆန္ဒပြပွဲ ကို ဦးဆောင်သူဖြစ်တဲ့ ဦးသိန်းဝင်း က ပြောပါတယ်။
ဦးသိန်းဝင်း ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း ဆက်သွယ်မေးမြန်းထားပါတယ်။