စစ်တပ်ကို ICC တင်ဖို့ ကချင်အရပ်ဖက်အဖွဲ့တွေ တောင်းဆို

ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ၇ နှစ်ကြာ စစ်ပွဲအတွင်း လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အစိုးရ တပ်မတော်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC တင်ဖို့ ကချင်အရပ်ဖက်အဖွဲ့အစည်း ၃၂ ခုက ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ၇ နှစ်ကြာစစ်ပွဲအတွင်း လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အစိုးရ တပ်မတော်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC တင်ဖို့ ကချင်အရပ်ဖက်အဖွဲ့အစည်း ၃၂ ခုက ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။

အဲဒီလို ထုတ်ပြန်ချက်ထုတ်တဲ့အဖွဲ့တွေထဲမှာ ပါဝင်တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာ ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org