KNPP ကိစ္စ ဆန္ဒပြသူတွေကို ဝန်းရံခဲ့သူတွေ ဖမ်းဆီးခံရ
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင်တွေ အသတ်ခံရတာနဲ့ ပတ်သက်ပြီး ဦးဆောင်ဆန္ဒပြခဲ့သူတွေကို ဝန်းရံခဲ့တဲ့အတွက် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရသူ ၃ ယောက်ကို လွိုင်ကော်မြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးချိန်းခေါ်ယူပြီး စစ်ဆေးခဲ့ပါတယ်။
-
2018-01-19 -
-
-
Your browser doesn’t support HTML5 audio
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင်တွေ အသတ်ခံရတာနဲ့ ပတ်သက်ပြီး ဦးဆောင်ဆန္ဒပြခဲ့သူတွေကို ဝန်းရံခဲ့တဲ့အတွက် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရသူ ၃ ယောက်ကို လွိုင်ကော်မြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးချိန်းခေါ်ယူပြီး စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းမှာ တရားစွဲခံရသူတွေဘက်က အာမခံ မလျှောက်တဲ့အတွက် တရားရုံးက ဖမ်းဆီးထားဖို့ အမိန့်ချလိုက်ပြီး လွိုင်ကော်မြို့ အကျဉ်းထောင်မှာ ထိန်းသိမ်းလိုက်ပါတယ်။ တရားစွဲခံရသူတွေ ဒီကနေ့ တရားရုံးကိုသွားရာမှာ လူဦးရေ ၁ ထောင်ဝန်းကျင်ခန့်က လိုက်ပါပို့ဆောင်ပေးခဲ့ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်နီပြည် လူငယ်များသမဂ္ဂ အထွေထွေအတွင်းရေးမှူး ခွန်းဘားနဒ် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။