ရာဇဝတ်မှုမကင်းတဲ့ လုပ်ငန်းတွေမှာ KNU မပါကြောင်း ခိုင်လုံတဲ့သက်သေပြဖို့ အရပ်ဖက်အဖွဲ့တွေလိုလား

ကရင်ပြည်နယ်မှာ ရာဇဝတ်မှုမကင်းတဲ့ လုပ်ငန်းတွေကို ခွင့်ပြုမထားကြောင်း KNU က တုံ့ပြန်ခဲ့တာကို ကြိုဆိုပေမယ့် ထုတ်ပြန်ချက်ဟာ လုံလောက်တဲ့ သက်သေမဟုတ်ဘူးလို့ စောသူးကဘီး ကပြောပါတယ်။

RFA

ကရင်ပြည်နယ်အတွင်း ရာဇဝတ်မှုမကင်းတဲ့ လုပ်ငန်းတွေကို ခွင့်ပြုမထားကြောင်း KNU က တုံ့ပြန်ခဲ့တာကို ကြိုဆိုပေမယ့် ထုတ်ပြန်ချက်ဟာ လုံလောက်တဲ့ သက်သေအထောက်အထားမဟုတ်ဘူးလို့ KNU ထံ အိတ်ဖွင့်ပေးစာ ဦးဆောင်ပေးပို့ခဲ့သူ စောသူးကဘီး ကပြောပါတယ်။

ကရင်တမျိုးသားလုံးကို ဦးဆောင်နေပြီး တော်လှန်ရေးမှာစွမ်းစွမ်းတမံပါဝင်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU က ခေါင်းဆောင်တစ်ဦးဟာ ရာဇဝတ်မှုလုပ်ငန်းတွေနဲ့ပတ်သက်နေတဲ့ ဟွမ်ယာမြို့သစ်စီမံကိန်းမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ KNU ဘက်က စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပြီး ကင်းရှင်းတယ်ဆိုရင် သက်သေနှင့်တကွချပြသင့်တယ်လို့ သူကပြောပါတယ်။

ကရင်ပြည်နယ်အတွင်းက ရာဇဝတ်မှုတွေနဲ့မကင်းဘူးလို့ ထောက်ပြမှုတွေရှိနေတဲ့ တရုတ်စီမံကိန်းတချို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦး ပါဝင်ပတ်သက်နေတဲ့အပေါ် အရေးယူဆောင်ရွက်တာ မရှိတဲ့အတွက်KNU ဗဟိုအလုပ်အမှုဆောင်အားလုံးနုတ်ထွက်ပေးဖို့ ကမ္ဘာတစ်ဝန်းက ကရင်အဖွဲ့ ၆၈ ဖွဲ့က အခုလ ၂၃ ရက်နေ့က တောင်းဆိုခဲ့ပါတယ်။

အဲ့ဒီတောင်းဆိုခဲ့ရာမှာ ဦးဆောင်ပါဝင်ခဲ့သူ စောသူးကဘီးကို "RFA နှင့်စကားပြောခြင်း" အစီအစဉ်ကနေ မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org