ပြင်လို့ရတဲ့ဖွဲ့စည်းပုံပုဒ်မတွေ အရင်ပြင်ဖို့ NLD အစိုးရသစ် ကို KNU တိုက်တွန်း
လာမယ့်လွှတ်တော်သက်တမ်းသစ်အတွင်းမှာ NLD အစိုးရသစ်အနေနဲ့ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မထဲက ပြင်လို့ရတဲ့ပုဒ်မတွေကို အရင်ပြင်ဖို့နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေမပါဘဲ ကိုယ်စားလှယ် (၅၀) ရာခိုင်နှုန်းကျော်နဲ့ ပြင်လို့ရတဲ့ ပုဒ်မတွေရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောပါတယ်။
- 2020-11-27
-
-
-
ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကို တွေ့ရစဉ်
Photo: Karen National Union Headquarters
လာမယ့်လွှတ်တော်သက်တမ်းသစ်အတွင်းမှာ NLD အစိုးရသစ်အနေနဲ့ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မထဲက ပြင်လို့ရတဲ့ပုဒ်မတွေကို အရင်ပြင်ဖို့နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေမပါဘဲ ကိုယ်စားလှယ် (၅၀) ရာခိုင်နှုန်းကျော်နဲ့ ပြင်လို့ရတဲ့ ပုဒ်မတွေရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောပါတယ်။
NLD အစိုးရအနေနဲ့ ပြည်တွင်းစစ်ဖြစ်ရခြင်းရဲ့ အခြေခံအကြောင်းတရားတွေကိုလည်း နားလည်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။
ပဒိုစောတာဒိုမှူးကို RFA သတင်းထောက် စောဖိုးခွားက NLD အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေး အလားအလာတွေကို မေးမြန်းထားပါတယ်။