ကျောက်တော်က စစ်ဘေးဒုက္ခသည်တွေ စာသင်ကျောင်းကနေဖယ်ပေးဖို့ အခက်ကြုံနေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့က စာသင်ကျောင်းတွေမှာခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် သုံးထောင်ကျော်ဟာ အစားထိုးခိုလှုံမယ့်နေရာမရှိတာကြောင့် လာမယ့် ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး စာသင်ကျောင်းတွေကနေ ဖယ်ပေးဖို့ အခက်အခဲတွေဖြစ်နေကြပါတယ်။

ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကို RFA က တွေ့ဆုံမေးမြန်းစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့က စာသင်ကျောင်းတွေမှာခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် သုံးထောင်ကျော်ဟာ အစားထိုးခိုလှုံမယ့်နေရာမရှိတာကြောင့် လာမယ့် ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး စာသင်ကျောင်းတွေကနေ ဖယ်ပေးဖို့ အခက်အခဲတွေဖြစ်နေကြပါတယ်။

အခြေခံပညာစာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်မှာဖြစ်လို့ လာမယ့် ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပညာရေးဝန်ကြီးဌာနကို ကျောင်းတွေပြန်အပ်ရမယ်လို့ ပြည်ထောင်စုအဆင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ကုသရေး ဗဟိုကော်မတီက တိုင်းနဲ့ ပြည်နယ်အသီးသီးကို ညွှန်ကြားထားတာပါ။

ကျောက်တော်မြို့က စာသင်ကျောင်းတွေမှာ ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင်က စစ်တွေမြို့မှာ သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယျ။



2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org