ရတနာရောင်ခြည်ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီ မီးရှို့ဖျက်ဆီးခံရ

ကချင်ပြည်နယ် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်အနီးက ရတနာရောင်ခြည် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီဟာ မနေ့ညပိုင်းက မိုင်းထောင် မီးရှို့ဖျက်ဆီးခံရတဲ့အတွက် ယာဉ်စက်ယန္တရားနဲ့ ဆက်စပ်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅ သန်းကျော် (ငွေကျပ်သိန်းပေါင်း တစ်သိန်းကျော်) ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မနေ့ညကအခြေအနေနဲ့ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ပေးဖို့ ရတနာရောင်ခြည်ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီတာဝန်ခံ ဦးကျော်အေး က ဖားကန့်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဦးကျော်အေး ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org