လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျနဲ့ မေးမြန်းချက်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်မယ့် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တိုင်းလွှတ်တော်ထံ ကြိုတင်အသိပေးလုပ်ဆောင်ဖို့ လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ ထောက်ပြဆွေးနွေးခဲ့ပါတယ်။
-
2018-05-08 -
-
-
Your browser doesn’t support HTML5 audio
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်မယ့် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တိုင်းလွှတ်တော်ထံ ကြိုတင်အသိပေးလုပ်ဆောင်ဖို့ လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ ထောက်ပြဆွေးနွေးခဲ့ပါတယ်။
၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ၃ နှစ်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်ဖို့ရှိတဲ့ လုပ်ငန်းတွေကို ထည့်သွင်းရေးဆွဲထားတဲ့ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုနဲ့ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းအစီရင်ခံစာကို အစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး လွှွှတ်တော်ထံ ဒီနေ့ တင်သွင်းရာမှာ ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဒီနေ့ဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့ ဒဂုံမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။