လားရှိုးမြို့ရောက် အဆိုတော် လားရှိုးသိန်းအောင်နဲ့ မေးမြန်းချက်
“အမေတစ်ခု သားတစ်ခု”၊ “အမေဒေါ်စု ပြန်လာပြီ” စတဲ့ သီချင်းတွေနဲ့ ကျော်ကြားတဲ့ အဆိုတော် လားရှိုးသိန်းအောင် ခေါ် ဂျင်မီဂျက်ဟာ နှစ်ပေါင်းလေးဆယ်ကျော် ပြည်ပမှာနေထိုင်ပြီးနောက်၊ များမကြာခင်လပိုင်းကစလို့ ဇာတိ ရှမ်းပြည်နယ် လားရှိုးမြို့မှာ အသက် ၉၉ နှစ်အရွယ် မိခင်ဖြစ်သူနဲ့ အတူနေထိုင်နေပါတယ်။
-
2013-10-24 -
-
-
Your browser doesn’t support HTML5 audio
“အမေတစ်ခု သားတစ်ခု”၊ “အမေဒေါ်စု ပြန်လာပြီ” စတဲ့ သီချင်းတွေနဲ့ ကျော်ကြားတဲ့ အဆိုတော် လားရှိုးသိန်းအောင် ခေါ် ဂျင်မီဂျက်ဟာ နှစ်ပေါင်းလေးဆယ်ကျော် ပြည်ပမှာနေထိုင်ပြီးနောက်၊ များမကြာခင်လပိုင်းကစလို့ ဇာတိ ရှမ်းပြည်နယ် လားရှိုးမြို့မှာ အသက် ၉၉ နှစ်အရွယ် မိခင်ဖြစ်သူနဲ့ အတူနေထိုင်နေပါတယ်။
ဂီတအနုပညာလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေသလို၊ တဖက်ကလည်း မတူညီတဲ့ ဘာသာလူမျိုးအချင်းချင်းကြား ချစ်ခင်လေးစားကြဖို့၊ လူငယ်တွေ မူးယစ်ဆေးဝါးမသုံးစွဲကြဖို့ ဆော်သြတိုက်တွန်းနေတယ်လို့ လားရှိုးသိန်းအောင်က ပြောပါတယ်။ ဂျင်မီဂျက် ခေါ် အဆိုတော် လားရှိုးသိန်းအောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။