အီတလီနိုင်ငံမှ ဂုဏ်ထူးဆောင်မြို့သူဆုရ မစုစုနွေးနဲ့ မေးမြန်းချက်

လယ်သမား၊ အလုပ်သမားအရေးဆောင်ရွက်သူ မစုစုနွေးဟာ သူအကျဉ်းကျနေစဉ် ၂ဝဝ၈ ခုနှစ်က အီတလီနိုင်ငံ အာဂရက်တီမြို့ရဲ့ ဂုဏ်ထူးဆောင်မြို့သူဆု ချီးမြှင့်ထားတာကို ပြီးခဲ့တဲ့သတင်းပတ်က အဲဒီမြို့မှာ သွားရောက်လက်ခံရယူခဲ့ပါတယ်။

လယ်သမား၊ အလုပ်သမားအရေးဆောင်ရွက်သူ မစုစုနွေးဟာ သူအကျဉ်းကျနေစဉ် ၂ဝဝ၈ ခုနှစ်က အီတလီနိုင်ငံ အာဂရက်တီမြို့ရဲ့ ဂုဏ်ထူးဆောင်မြို့သူဆု ချီးမြှင့်ထားတာကို ပြီးခဲ့တဲ့သတင်းပတ်က အဲဒီမြို့မှာလက်ခံရယူခဲ့ပါတယ်။

အဲဒီနောက် မြို့တော်ဝန်တွေ၊ အခြားမြို့အာဏာပိုင်တွေနဲ့ မြန်မာနိုင်ငံအကြောင်းတွေ ပြောဆိုဆွေးနွေးတဲ့အခါ အာဂရက်တီမြို့တော်ဝန်က မစုစုနွေးရဲ့ဇာတိဖြစ်တဲ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က စာသင်ကျောင်းနဲ့ပညာရေးကို ကူညီပေးမယ်ဆိုတဲ့အကြောင်းနဲ့ ပြည်တွင်းစစ်ကြောင့် ခြေပြတ်လက်ပြတ် ဒုက္ခိတဖြစ်ရသူတွေကို ခြေတု၊ လက်တုကူညီလိုကြောင်း ကမ်းလှမ်းပြောဆိုတယ်လို့ မစုစုနွေးကပြောပါတယ်။

မစုစုနွေးကို RFA ဝိုင်းတော်သားကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org