မန္တလေးမြို့မျက်ပါးရပ်က စာပေဟောပြောပွဲနဲ့ ပတ်သက်ပြီး မေးမြန်းချက်

မန္တလေးမြို့မျက်ပါးရပ်မှာ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ညက ကျင်းပတဲ့ စာပေဟောပြောပွဲမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက အစ္စလာမ်ဘာသာဝင် ကိုမြအေး ဟောပြောမယ့်အစီအစဉ်ကို သံဃာတော်တချို့က ကန့်ကွက်ခဲ့ကြတဲ့အတွက် ဟောပြောသူ ပြောင်းလဲခဲ့ရပါတယ်။

အလားတူပဲ ဖေဖော်ဝါရီ ၁၂ ရက်နေ့ညကလဲ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမှာ ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပဖို့စီစဉ်ထားရာမှာ ကိုမြအေးနဲ့ NLD က ရှေ့နေ ဦးကိုနီတို့ အစ္စလာမ်ဘာသာဝင် နှစ်ဦး ပါဝင်တာကြောင့်ဆိုပြီး သံဃာတစ်ချို့က လာရောက်တားမြစ်ခဲ့တာကြောင့် အဲဒီဟောပြောပွဲကိုလဲ ဖျက်သိမ်းခဲ့ရပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရွှေညဝါဆရာတော် ဦးပညာသီဟကို မခင်ခင်အိက မေးမြန်းလျှောက်ထားခဲ့တာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org