စစ်ကောင်စီရဲ့ အင်အားသုံး နှိမ်နင်းမှု ပြင်းထန်တဲ့ ပြည်တွင်းစစ်ကို ဦးတည်
စစ်ကောင်စီတပ်တွေက ပြည်သူတွေကို အင်အားသုံးချေမှုန်းနေတာဟာ ပြသနာကို ပြေလည်စေမဲ့ နည်းလမ်းမဟုတ်ဘူးလို့ စစ်တပ်ကနေ ပြည်သူ့ဘက်ပူးပေါင်းလာတဲ့ ဗိုလ်မှူးဟိန်းသော်ဦးက ပြောလိုက်ပါတယ်။
-
ခင်ခင်အိ(ဝါရှင်တန်ဒီစီ)
2021-05-17 -
-
-
စစ်ကောင်စီရဲ့ အင်အားသုံး နှိမ်နင်းမှု ပြင်းထန်တဲ့ ပြည်တွင်းစစ်ကို ဦးတည်
Photo: RFA
စစ်ကောင်စီတပ်တွေက ပြည်သူတွေကို အင်အားသုံးချေမှုန်းနေတာဟာ ပြသနာကို ပြေလည်စေမဲ့ နည်းလမ်းမဟုတ်ဘူးလို့ စစ်တပ်ကနေ ပြည်သူ့ဘက်ပူးပေါင်းလာတဲ့ ဗိုလ်မှူးဟိန်းသော်ဦးက ပြောလိုက်ပါတယ်။ ချင်းပြည်နယ်အတွင်း စစ်တပ်က လက်နက်ကြီးတွေနဲ့အသုံးပြု တိုက်ခိုက်နေတာနဲ့ပတ်သက်လို့ RFA က ဆက်သွယ်မေးမြန်းရာမှာ ခုလို ပြောဆိုတာပါ။
ပြည်သူတွေအပေါ် စစ်တပ်က အခုလို အကြမ်းဖက်ချေမှုန်းတာတွေ ဆက်လုပ်နေရင် ပြည်တွင်းစစ် ပြင်းပြင်းထန်ထန် ဖြစ်လာနိုင်တယ်လို့လည်း သူက ပြောပါတယ်။ ဗိုလ်မှူး ဟိန်းသော်ဦးကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။