မဲဆွယ်ခရီးမှာ ပစ်ခတ်ခံရတဲ့ ဝန်ကြီး ဦးစိုးထက်နဲ့ ဆက်သွယ်မေးမြန်းချက်
ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် ဟာ သူရွေးကောက်ပွဲဝင်မယ့် ပလက်ဝမြို့နယ်ကို သွားရောက်တဲ့ ခရီးစဉ်အတွင်း စက်တင်ဘာ ၉ ရက်နေ့က သူစီးလာတဲ့စက်လှေ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။
-
2020-09-14 -
-
-
ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့ ဦးစိုးထက် (အလယ်လူ)ကို တွေ့ရစဉ်
Photo: Soe Htet - facebook
ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် ဟာ သူရွေးကောက်ပွဲဝင်မယ့် ပလက်ဝမြို့နယ်ကို သွားရောက်တဲ့ ခရီးစဉ်အတွင်း စက်တင်ဘာ ၉ ရက်နေ့က သူစီးလာတဲ့စက်လှေ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။ တိုက်ပွဲတွေရှိနေလို့ နယ်မြေမတည်မငြိမ်ဖြစ်နေတဲ့ ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ပါ့မလား၊ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို လုံခြုံစိတ်ချစွာ လုပ်ဆောင်နိုင်ပါ့မလား ဆိုတာတွေနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုပြီး ဝင်ပြိုင်မယ့် ဦးစိုးထက်ကို RFA သတင်း ထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။